ဒီနေ့မှာတော့ “ကိုယ်ဝန်ဆောင်မေမေတို့အတွက် ကိုယ်ခံအားကောင်းစေဖို့ ဘာတွေ စားပေးရမလဲ ဆိုတာကို ဗဟုသုတအနေနဲ့ ပြောပြပေးပါမယ်နော်..
ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအားကောင်းစေဖို့ ဘာတွေစားပေးရမလဲဆိုရင် …
ကြက်သွန်ဖြူ-ကြက်သွန်ဖြူ က ဘက်တီရီးယား တွေကို သေစေနိုင်ပြီး အအေးမိ၊တုပ်ကွေးမဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
နို့-ကိုယ်ဝန်ဆောင်ချိန်မှာ တစ်နေ့ကို နို့တစ်ခွက် သောက် သုံးပေးတာက မေမေတွေ ကိုယ်ခံအားကောင်းစေပြီး၊ဘေဘီလေးတွေကို ကြီးထွားဖွံ့ဖြိုးစေပါတယ်။
ကီဝီသီး-ဗီတာမင် (C)ကြွယ် ဝစွာ ပါဝင်နေမှုက ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။
ကန်စွန်းဥ-ကန်စွန်းဥမှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ ဗီတာမင်(A)ပါဝင်တာကြောင့် မေမေတို့ကို ကျန်းမာစေပြီး ဘေဘီလေးရဲ့ အမြင်အာရုံကို ဖွံဖြိုးစေဖို့ အားဖြည့် ပေးပါတယ်။
ကိုယ် ဝန်ဆောင် မေမေတို့ ကိုယ်ခံအားကောင်းစေဖို့ ဒါလေးတွေကို စားပေးဖို့ မမေ့နဲ့နော်………”